ကောင်စစ်ဆိုင်ရာကိစ္စရပ်များ

ကောင်စစ်လုပ်ငန်း ဆောင်ရွက်ချိန်

ကောင်စစ်လုပ်ငန်းဆောင်ရွက်ချိန် (၁၄၀၀ နာရီမှ ၁၆၀၀ နာရီထိ)

လျှောက်လွှာများလက်ခံခြင်း – ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီထိ

ပြန်လည်ထုတ်ပေးခြင်း – ၁၄၀၀ နာရီမှ ၁၆:၀၀ နာရီထိ

ကောင်စစ်ဆိုင်ရာ လုပ်ငန်းများ

  • စက်ဖြင့်စစ်ဆေးနိုင်သော မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ရှင်းလင်းချက်
  • နိုင်ငံကူးလက်မှတ်အသစ်/ သက်တမ်းတိုးလျှောက်ထားခြင်း
  • မြန်မာနိုင်ငံကူးလက်မှတ် ပျက်ဆီး/ပျောက်ဆုံး၍အသစ်လျှောက်ထားခြင်း
  • မြန်မာနိုင်ငံကူး လက်မှတ်အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်း
  • ထောက်ခံစာများပြုလုပ်ခြင်း
  • ဝင်ငွေခွန်ထမ်းဆောင်လိုခြင်းပုံစံ

ဖြည့်စွက်ရမည့် ဖောင်ပုံစံများ

  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်လွှာပုံစံ RENEWAL OF PASSPORT PDF
  • ဝင်ငွေခွန်ထမ်းဆောင်လိုကြောင်းလျှောက်လွှာပုံစံ PDF

စက်ဖြင့် ဖတ်ရှုစစ်ဆေးနိုင်သော မြန်မာနိုင်ငံကူးလက်မှတ်နှင့် စပ်လျဉ်း၍ ရှင်းလင်းချက်

၁။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေကြောင်းအဖွဲ့ (ICAO) ၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် စက်ဖြင့်ဖတ်ရှု စစ်ဆေး နိုင်သော မြန်မာနိုင်ငံကူးလက်မှတ်များ Machine Readable Passport (MRP) အား သံတမန်ဝန်ထမ်းများ၊ အလုပ်တာဝန်ဖြင့် ပြည်ပသို့သွားရောက်ကြမည့်၀န်ထမ်းများ၊ ပြည်ပသို့ကိစ္စအဝဝ (အလုပ်အကိုင်/ အလည်အပတ်/ဘာသာရေး/စီးပွားရေး/ ကျောင်းသား) ဖြင့် သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအား ထုတ်ပေးလျက်ရှိပါသည်။

၂။ MRP နိုင်ငံကူးလက်မှတ် စာအုပ်တစ်အုပ်လျှင် ရူပီး ၂၉၄၀ ကျသင့်ပြီး၊ ထုတ်ပေးသည့် နေ့မှစ၍ သက်တမ်း (၅)နှစ်ရှိပါမည်။

၃။ စာအုပ်သက်တမ်း ကုန်ဆုံးလျှင် စာအုပ်ဟောင်းတွင် သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးမည် မဟုတ်ဘဲ စာအုပ်အသစ် လျှောက်ထားရန် လိုအပ်မည်ဖြစ်ပါသည်။

၄။ နိုင်ငံကူးလက်မှတ် စာအုပ်ပျောက်ဆုံးခဲ့ပါက မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြ လျှောက်ထားပြီး ခွင့်ပြုချက်ရရှိပါက ဒါဏ်ကြေး ရူပီး ၈၈၂၀ နှင့် စာအုပ် အသစ်အတွက် ရူပီး ၂၉၄၀ ၊ စုစုပေါင်း ရူပီး ၁၁၇၆၀ ပေးဆောင်၍ အသစ်ထုတ်ပေးမည် ဖြစ်ပြီး ကျသင့်ငွေကို ငွေသားဖြင့်သာ ပေးဆောင်ရမည်။

၅။ မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် မွေးကင်းစကလေးများအားလည်း အထက်ဖော်ပြပါအတိုင်း (၅)နှစ်သက်တမ်းရှိ MRP များထုတ်ပေးမည် ဖြစ်ပါသည်။

၆။ အမည်‌ပြောင်းလဲခြင်း၊ အမည်ဖြည့်စွက်ခြင်းစသည့် ပြင်ဆင်ဖြည့်စွက်ချက်များ၊ မွေးကင်းစ ကလေးများအတွက် နိုင်ငံကူး လက်မှတ် လျှောက်ထားခြင်း၊ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးသူများအတွက် နိုင်ငံကူးလက်မှတ် အသစ်ထုတ်ခြင်းနှင့် တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းတို့ကို မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများသို့ တင်ပြ၍ သဘောတူ ခွင့်ပြုမိန့်ရယူရန် လိုအပ်ပါကြောင်း ဖော်ပြအပ် ပါသည်။

ဓာတ်ပုံ စည်းကမ်းသတ်မှတ်ချက်

(၁) (၆)လအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံ (Resolution 600 DPI) ဖြစ်ရမည်။
(၂) မျက်နှာဧရိယာသည် ဓာတ်ပုံ၏ ၈၀ % ရှိရမည်။
(၃) နောက်ခံအဖြူရောင်ဖြစ်ရမည်။
(၄) ဓာတ်ပုံပေါ်ရှိမျက်နှာ၏အရောင်သည် နဂိုမူလအသားရောင် ဖြစ်ရမည်။
(၅) ထင်ရှားပြတ်သားမှုရှိသော ပုံရိပ်ဖြစ်ရမည်။
(၆) မျက်လုံးအနေအထား မျက်လုံးနှစ်ဘက်မှာတစ်တန်းတည်းဖြစ်ရမည်
(၇) မျက်နှာပေါ်၌ ဆံပင်များဖုံးအုပ်ခြင်းမရှိစေရ။
(၈) မျက်နှာသည် နောက်ခံအဖြူရောင်၏ အလည်တည့်တည့် ဖြစ်ရမည်။
(၉) မျက်လုံးပေါ်တွင် အနီစက်/အဖြူစက်အလင်းပြန်ခြင်း မရှိစေရ။
(၁၀) မျက်နှာအနေအထားသည် တည်ကြည်သော အနေအထားဖြစ်ရမည်။
(၁၁) နှုတ်ခမ်းအနေအထားသည် ဖွင့်ဟသောအနေအထားမဖြစ်စေရ။
(၁၂) ဓာတ်ပုံပေါ်တွင်အလင်းပြန်ခြင်း မရှိစေရ။
(၁၃) ဓာတ်ပုံပေါ်တွင်အရိပ်မထင်စေရ။
(၁၄) မျက်မှန်တပ်သည့်သူများ မျက်မှန်ဘောင်များ (frames) သည် မျက်လုံးကိုမကွယ်စေရ။
(၁၅) ဦးထုပ်ဆောင်း၍ မရိုက်ရ။
(၁၆) အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ၏ ခေါင်းဝတ်ပုဝါသည် မျက်နှာပေါ်တွင် အုပ်မိုးခြင်း/ အရိပ်ကျခြင်းမရှိစေရ။
(၁၇) ဓာတ်ပုံအရွယ်အစားမှာ ( ၃၅ မီလီမီတာ – ၄၅ မီလီမီတာ) ရှိရမည်။

နိုင်ငံကူးလက်မှတ် အသစ်/ သက်တမ်းတိုး လျှောက်ထားခြင်း

လိုအပ်သည့် စာရွက်စာတမ်းများ

(က)  အလုပ်လုပ်ကိုင်နေသူဖြစ်ပါက

(၁) လျှောက်လွှာ

(၂) လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ် (မူရင်း/ မိတ္တူ) (အထောက်အထားရှိ စာမျက်နှာ များအားလုံး)

(၃) အိန္ဒိယနိုင်ငံအမြဲတမ်းနေထိုင်ခွင့်ရကတ် (PR Card) သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ဗီဇာ (Work Visa)

(၄) ဝင်ငွေခွန် Update ထမ်းဆောင်ခဲ့သည့်ပြေစာမိတ္တူ 

(၅) ကိုယ်ရေးမှတ်တမ်းပုံစံ

(၆) စည်းကမ်းသတ်မှတ်ချက်နှင့်အညီရိုက်ကူးထားသည့် ဓာတ်ပုံ ၂ ပုံ

(၇) နိုင်ငံကူးလက်မှတ်တွင် ရေးသွင်းရမည့် ကိုယ်ရေးအချက်အလက်

(၈) လက်ဗွေပုံစံ / ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့်ပူးတွဲပါ သတ်မှတ်ထားသည့်ပုံစံတွင် ထိုးမြဲလက်မှတ် အား ရေးထိုးပေးရန်)

(၉) နိုင်ငံကူးလက်မှတ်အသစ်အတွက် ကျသင့်ငွေ ရူပီး ၂၉၄၀/-

(ခ)   ကျောင်းသားဖြစ်ပါက

(၁)  လျှောက်လွှာ
(၂)  လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ် (လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ် (မူရင်း/ မိတ္တူ) (အထောက်အထားရှိ စာမျက်နှာများအားလုံး)
(၃)  ကျောင်းသားဗီဇာ (Student Visa) (မိတ္တူ)၊ ကျောင်းသားကဒ် (မိတ္တူ)
(၄) ကျောင်းသားဖြစ်ကြောင်း သက်ဆိုင်ရာကျောင်းမှ ထောက်ခံစာ
(၅) ကိုယ်ရေးမှတ်တမ်းပုံစံ
(၆) စည်းကမ်းသတ်မှတ်ချက်နှင့်အညီရိုက်ကူးထားသည့် ဓါတ်ပုံ ၄ ပုံံ

(၇) နိုင်ငံကူးလက်မှတ်တွင် ရေးသွင်းရမည့်ကိုယ်ရေးအချက်အလက်

(၈) လက်ဗွေပုံစံ / ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့်ပူးတွဲပါ သတ်မှတ်ထား သည့်ပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန်)

(၉) နိုင်ငံကူးလက်မှတ်အသစ်အတွက် ကျသင့်ငွေ ရူပီး ၂၉၄၀/-

(ဂ)   သာသနာရေးဆိုင်ရာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများဖြစ်ပါက

(၁)  လျှောက်လွှာ
(၂)  လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ် (လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ် (မူရင်း/ မိတ္တူ) (အထောက်အထားရှိ စာမျက်နှာများအားလုံး)
(၃)  အိန္ဒိယနိုင်ငံတွင် နေထိုင်ခွင့်ဗီဇာအထောက်အထား
(၄)  သက်ဆိုင်ရာ သီတင်းသုံးသည့် ကျောင်းထိုင်ဆရာတော်၏ ထောက်ခံချက် (သို့မဟုတ်) ကျောင်းဂေါပကအဖွဲ့၏    ထောက်ခံချက် သို့မဟုတ် သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းမှ ထောက်ခံချက်
(၅) ကိုယ်ရေးမှတ်တမ်းပုံစံ
(၆) စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရိုက်ကူးထားသည့် ဓာတ်ပုံ ၂ ပုံ
(၇) နိုင်ငံကူးလက်မှတ်တွင် ရေးသွင်းရမည့် ကိုယ်ရေးအချက်အလက်

(၈) လက်ဗွေပုံစံ နှင့် ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့်ပူးတွဲပါ သတ်မှတ်ထားသည့်ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန်)

(၉) နိုင်ငံကူးလက်မှတ်အသစ်အတွက် ကျသင့်ငွေ (ရူပီး ၂၉၄၀)

(ဃ)  နိုင်ငံခြားသား၏ မှီခိုသူဖြစ်ပါက-

(၁) လျှောက်လွှာ
(၂) လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ် (လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ် (မူရင်း/ မိတ္တူ) (အထောက်အထားရှိ စာမျက်နှာများအားလုံး)
(၃) ကိုယ်ရေးမှတ်တမ်းပုံစံ
(၄) စည်းကမ်းသတ်မှတ်ချက်နှင့်အညီရိုက်ကူးထားသည့် ဓာတ်ပုံ ၂ ပုံ
(၅) နိုင်ငံကူးလက်မှတ်တွင် ရေးသွင်းရမည့်ကိုယ်ရေးအချက်အလက်

(၆) လက်ဗွေပုံစံ နှင့် ထိုးမြဲလက်မှတ် ( လျှောက်ထားသူမှ လျှောက်လွှာနှင့်ပူးတွဲပါ သတ်မှတ်ထား သည့်ပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန်)

(၇) မှီခိုခံ၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ/ နိုင်ငံခြားသားဖြစ်က ID ကတ်မိတ္တူ
(၈) လက်ထက်စာချုပ် (မိတ္တူ) (မူရင်း တင်ပြရန်)

(၉)မိသားစုဓာတ်ပုံ (၄)ပုံ တင်ပြရန်
(၁၀) နိုင်ငံကူးလက်မှတ်အသစ်အတွက် ကျသင့်ငွေ (ရူပီး ၂၉၄၀)

(င)   မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ နိုင်ငံခြားတွင်မွေးဖွားသည့် ကလေးအတွက် လျှောက်ထား မည်ဆိုပါက –

(၁) မိခင်နှင့် ဖခင် ၏ မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူများ/မူရင်းများ
(၂) မိခင် နှင့် ဖခင်၏ အိန္ဒိယနိုင်ငံအမြဲတမ်းနေထိုင်ခွင့်ရကတ် (PR Card) သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ကတ် (Work Permit) (သို့မဟုတ်) ပညာသင်ကြားခွင့်ကတ် (Study Permit) (မိတ္တူ)
(၃) မိခင် (သို့မဟုတ်) ဖခင်၏ ဝင်ငွေခွန် Update ထမ်းဆောင်ခဲ့သည့် ပြေစာမိတ္တူ

(၄) မွေးစာရင်း (မိတ္တူ)
(၅) ကိုယ်ရေးမှတ်တမ်းပုံစံ (မိဘနှစ်ပါးနှင့် ကလေး)
(၆) စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရိုက်ကူးထားသည့် ဓါတ်ပုံ ၂ ပုံ
(၇) နိုင်ငံကူးလက်မှတ်တွင် ရေးသွင်းရမည့် ကိုယ်ရေးအချက်အလက်

(၈) လက်ဗွေပုံစံနှင့် ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့်ပူးတွဲပါ သတ်မှတ်ထားသည့်ပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန်)

(၉) အခြားတင်ပြရန်ရှိက သီးခြားစာရွက်ဖြင့်ဖော်ပြရန်
(၁၀) နိုင်ငံကူးလက်မှတ်အသစ်အတွက် ကျသင့်ငွေ (ရူပီး ၂၉၄၀)

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားပြောင်းလဲ လျှောက်ထားခြင်း

(က)  ကျောင်းသား/ အလုပ်လုပ်ကိုင်သူများအတွက် လိုအပ်သည့် စာရွက်စာတမ်းများ

(၁)  နိုင်ငံကူးလက်မှတ်မူရင်း/ မိတ္တူ (မြန်မာ/အိန္ဒိယနိုင်ငံအဝင်/အထွက် စာမျက်နှာများ အပါအဝင်)
(၂) အိန္ဒိယနိုင်ငံအမြဲတမ်းနေထိုင်ခွင့်ရကတ် (PR Card) သို့မဟုတ် အလုပ်လုပ်ကိုင်ဗီဇာ (Work Visa) (သို့မဟုတ်) ပညာသင်ကြားခွင့်ဗီဇာ (Study Visa) (မိတ္တူ)
(၃) ကိုယ်ရေးမှတ်တမ်းပုံစံ
(၄) စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရိုက်ကူးထားသည့် ဓာတ်ပုံ ၄ ပုံ
(၅) နိုင်ငံကူးလက်မှတ်တွင် ရေးသွင်းရမည့် ကိုယ်ရေးအချက်အလက်

(၆) လက်ဗွေပုံစံနှင့် ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့်ပူးတွဲပါ သတ်မှတ်ထားသည့်ပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန်)

(၈) သက်ဆိုင်ရာ အလုပ် / ကျောင်းမှ ထောက်ခံစာ
(၉) အခြားတင်ပြရန်ရှိက သီးခြားစာရွက်ဖြင့်ဖော်ပြရန်

(ခ)   သဘောသားအဆင့်မှ ကုန်းပေါ်အလုပ်လုပ်ကိုင်သူအဖြစ်‌ပြောင်းလဲ၍ နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားခြင်းအတွက် လိုအပ်သည့် စာရွက်စာတမ်းများ

(၁)  နိုင်ငံကူးလက်မှတ်မူရင်း + CDC မူရင်း
(၂) အိန္ဒိယနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရကတ် (PR Card) သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ဗီဇာ (Work Visa) (သို့မဟုတ်) ပညာသင်ကြားခွင့်ဗီဇာ (Study Visa) (မိတ္တူ) (ရပြီးဖြစ်လျှင်)
(၃) ဝင်ငွေခွန် Update ထမ်းဆောင်ခဲ့သည့်ပြေစာမိတ္တူ

(၄) လက်ရှိအလုပ်လုပ်ကိုင်နေသည့်ကုမ္ပဏီမှ အလုပ်ခန့်စာ
(၅) ကိုယ်ရေးမှတ်တမ်းပုံစံ
(၆) စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရိုက်ကူးထားသည့် ဓာတ်ပုံ ၄ ပုံ
(၇) နိုင်ငံကူးလက်မှတ်တွင် ရေးသွင်းရမည့် ကိုယ်ရေးအချက်အလက်

(၈) လက်ဗွေပုံစံနှင့် ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့်ပူးတွဲပါ သတ်မှတ်ထားသည့်ပုံစံတွင် ထိုးမြဲလက်မှတ်   အား ရေးထိုးပေးရန်)

(၉) နိုင်ငံကူးလက်မှတ်အသစ်အတွက် ကျသင့်ငွေ ရူပီး ၂၁၀၀
(၁၀) အခြားတင်ပြရန်ရှိက သီးခြားစာရွက်ဖြင့်ဖော်ပြရန်

ထောက်ခံစာများပြုလုပ်ခြင်း

လိုအပ်သည့် စာရွက်စာတမ်းများ

(၁)  လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ်မိတ္တူ
(၂) အိန္ဒိယအမြဲတမ်းနေထိုင်ခွင့်ရကတ် (PR Card) သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ဗီဇာ (Work Visa) (သို့မဟုတ်) ပညာသင်ကြားခွင့်ဗီဇာ (Study Visa) (မိတ္တူ)
(၃) သက်ဆိုင်ရာကျောင်း၏ ကျောင်းတက်ရောက်နေကြောင်း ထောက်ခံစာ
(၄) သက်တမ်းရှိကျောင်းသားကတ်မိတ္တူ
(၅) ထောက်ခံစာ တစ်စောင်အတွက် ကျသင့်ငွေ ရူပီး ၈၄၀/-
(၆) ကိုယ်ရေးမှတ်တမ်းဖြည့်စွက်ချက် (ပထမဆုံးအကြိမ် လျှောက်ထားသူများအတွက်)
(၇) အခြားဖော်ပြရန်ရှိက သီးခြားစာရွက်ဖြင့် ရေးသားဖော်ပြရန်

(၈) မှီခိုသူဖြစ်ပါက အထက်ပါစာရွက်စာတမ်းများနှင့် အတူ

(၉) မှီခိုခံ၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ/ နိုင်ငံခြားသားဖြစ်က ID ကတ်မိတ္တူ
(၁၀) မှီခိုခံ၏ ဝင်ငွေခွန် Update ထမ်းဆောင်ထားကြောင်း ပြေစာမိတ္တူ

 

ဝင်ငွေခွန်ထမ်းဆောင်လိုခြင်း

လိုအပ်သည့် စာရွက်စာတမ်းများ

(၁)  ဝင်ငွေခွန် ထမ်းဆောင်သည့် ပုံစံ
(၂) ဝင်ငွေခွန်ထမ်းဆောင်မည့်သူ၏ နိုင်ငံကူးလက်မှတ်မိတ္တူ
(၃) မှတ်ပုံတင်မိတ္တူ

(၄) အလုပ်ကန်ထရိုက်စာချုပ် မိတ္တူ
(၅) အိန္ဒိယနိုင်ငံ နေထိုင်ခွင့် အထောက်အထားမိတ္တူ
(၆) ယခင်ဝင်ငွေခွန်ထမ်းဆောင်ခဲ့ဖူးလျှင် ပြေစာမိတ္တူ